back

အင်ဒိုနီးရှားတွင် တိုက်ခန်းပေါင်း ၁ သန်းကို ဧပြီလတွင် စတင် တည်ဆောက်မည်

Feb 27 • 3:45 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားတွင် တိုက်ခန်းပေါင်း ၁ သန်းကို ဧပြီလတွင် စတင် တည်ဆောက်မည်

အင်ဒိုနီးရှားတွင် အိမ်ရာ မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် အစိုးရက အိမ်ရာ ၃ သန်း ဆောက်လုပ်မည့်အစီအစဉ်အတွက် ကာတာနိုင်ငံမှ Qilaa International Group က အင်ဒိုနီးရ...

အင်ဒိုနီးရှားတွင် အိမ်ရာ မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် အစိုးရက အိမ်ရာ ၃ သန်း ဆောက်လုပ်မည့်အစီအစဉ်အတွက် ကာတာနိုင်ငံမှ Qilaa International Group က အင်ဒိုနီးရှားတွင် တိုက်ခန်းပေါင်း ၁ သန်းကို ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်မည် ဖြစ်သည်။ ကာတာ၏ ရင်းနှီးမြှုပ်နှံမှု ပထမအဆင့်တွင် ကန်ဒေါ်လာ ၁၈ မှ ၂၀ ဘီလီယံအထိ သုံးစွဲမည်။ စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို ဇန်နဝါရီ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ကာတာသည် တိုက်ခန်း နှင့် လုံးချင်းအိမ် စုစုပေါင်း ၃ သန်းမှ ၅ သန်းအထိကို မြို့နှင့် ကျေးလက်ဒေသတို့တွင် ဆက်လက်ဆောက်လုပ်သွားမည့် အစီအစဉ် ရှိကြောင်း ထုတ်ပြန်ထားသည်။


news-view-count-icon

22