ဆူဒန်နိုင်ငံ အွမ်ဒါမန်မြို့ လူနေရပ်ကွက်တခုပေါ်ကို ဆူဒန်စစ်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၄၆ ယောက်သေဆုံးပြီး ၁၀ ယောကျဒဏျရာရရှိဲခဲ့တယျလို့ ဆူဒန်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ အန်တိုနော့ဗ် အမျိုးအစား အဲဒီလေယာဉ်ဟာ ဝါဒီဆိုက်နာလေတပ်စခန်းမှ ပျံတက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပြီး စစ်ဘက်အရာရှိတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။



