အင်ဒိုနီးရှား၏ ရှေးရိုးစွဲ အက်ချ်ပြည်နယ်တွင် တရားရုံးတစ်ရုံးက အမျိုးသားနှစ်ဦးကို တင်းကျပ်သော အစ္စလာမ်ဥပဒေအောက်၌ လိင်တူဆက်ဆံမှုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် လူမြင်ကွင်း၌ ကြိမ်ဒဏ်အပြစ်ပေးခဲ့သည်။ ကမ္ဘာ့မွတ်စလင်အများစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံမှုကို တရားမဝင်အဖြစ် သတ်မှတ်ထားသည်။ ဘန်ဒါအက်ချ်ပြည်နယ်မြို့တော်ရှိ ပန်းခြံတစ်ခု၌ ကြိမ်ဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ဆက်ဆံရေးအတွက် စတင်လှုံ့ဆော်သူဟု စွပ်စွဲခံရသူ အမျိုးသားအား ကြိမ်ဒဏ် ၈၂ ချက် အပြစ်ပေးခဲ့ကာ ဒုတိယအမျိုးသားကို ကြိမ်ဒဏ် ၇၇ ချက် အပြစ်ပေးခဲ့သည်။



