မြောက်ကိုရီးယားက ရုရှားသို့ နောက်ထပ်စစ်သားအများအပြားစေလွှတ်ခဲ့ပြီး ကာ့စ်ဒေသရှိရှေ့တန်းသို့ စစ်သားအများအပြားကို ပြန်လည်တပ်ဖြန့်ချထားခဲ့ကြောင်း တောင်ကိုရီးယား၏ ထောက်လှမ်းရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားသည်။ တောင်ကိုရီးယားနှင့် အနောက်အစိုးရထောက်လှမ်းရေးအေဂျင်စီများ၏ ပြောပြချက်အရ ကာ့စ်နယ်စပ်ဒေသရှိ ယူကရိန်းထိုးစစ်ဆင်မှုကို ခုခံတိုက်ခိုက်မှုတွင် အကူအညီပေးရန်အတွက် မြောက်ကိုရီးယားသည်လွန် ခဲ့သည့်နှစ်က ရုရှားသို့ စစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်ဟုဆိုသည်။



