ချယ်လ်ဆီးအသင်းဂန္ထဝင် ဒရော့ဘာဟာ အသင်းဟောင်း ဂါလာတာစာရေးအသင်းက လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟိုဘက်ကနေ ရပ်တည်ပြီး ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။ ဒရော့ဘာက “ကျနော်ဟာ ဂါလာတာစာရေးအသင်းရဲ့ အဝါရောင်နဲ့ အနီရောင်ဂျာစီ ဝတ်ဆင်ရတာ ဘယ်လောက် အထိ ဂုဏ်ယူလဲဆိုတာ သိပါတယ်။ မော်ရင်ဟိုနဲ့ ပတ်သက်ပြီး မကြာသေးခင်က မှတ်ချက်တွေပေးတာကို တွေ့ခဲ့ ပါတယ်။ ကျနော်ဟာ သူနဲ့ ၂၅ နှစ်ကြာသိခဲ့ပြီး သူဟာ အရင်တုန်းကရော အခုရော လူမျိုးရေးခွဲခြားတဲ့သူ မဟုတ် ဘူးဆိုတာ သက်သေပြလို့ရပါတယ်။ ကျနော့်အဖေက ဘယ်လိုလုပ် လူမျိုးရေးခွဲခြားမှာလဲ၊ ကြယ် ၅ ပွင့် တပ်ဆင် နိုင်ဖို့သာ အာရုံစိုက်ပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။



