မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီးတွင် အသတ်ခံရသည့် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားအမှု မှ အဓိကကျူးလွန်သူ မှုံကြီး (ခ) ပြည့်စုံအောင် (ခ) နေသူအောင် အား ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ မသေမချင်းကြိုးကွင်းစွပ်သတ်ရန် နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၇ အရ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်ကျခံရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြင်ဦးလွင်ခရိုင်တရားရုံးမှာ အမိန့်ချခဲ့ပါသည်။ဖြစ်စဉ်မှာ ကိုထက်လင်းသန့်နှင့် မဇူးဇူးဟန်ကို တို့သည် သုံးထောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ခုမှ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းမှ လမ်းမှ ပြန်လာစဉ် အမည်မသိလူများက ဆိုင်ကယ်ကိုတွန်းလှဲ၍ တုတ်ဖြင့် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ပြီး ကိုထက်လင်းသန့် မှာ သေဆုံးခဲ့သည် ။အမှုတွင် ကျူးလွန်သူ (၅) ဦးဖြစ်သော်လည်း ငမိုး(ခ)မိုးကြီးမှာ ထွက်ပြေးလွတ်မြောက်နေသည့်အတွက် ဝရမ်းထုတ်ထားကြောင်း သိရသည် ။



