တစ်လနီးပါးကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၇၀၀) ကျော်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်မှ ဖေဖော်ဝါရီလ (၂၆) ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ (၂၇၃၈) ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၆၇၃)ဦး ကို ထိုင်းနိုင်ငံမှ တဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂၀၆၅) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားသည်။



