back

မြန်မာနိုင်င်ငံတွင် Miss Yangon 2025 ပြိုင်ပွဲ မတ်လအတွင်း ပြုလုပ်မည်

Feb 27 • 12:48 PM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာနိုင်င်ငံတွင် Miss Yangon 2025 ပြိုင်ပွဲ မတ်လအတွင်း ပြုလုပ်မည်

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင် လာမည့် မတ်လ(၇)ရက်နေ့ ...

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင် လာမည့် မတ်လ(၇)ရက်နေ့ မနက် (၉)နာရီအချိန်တွင် ကျင်းပမည်ဖြစ် ကယသည်။ အဆိုပါပြိုင်ပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးပြီးကျင်းပသွားမည်ဖြစ်သည်။ ထိုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အိမ်ထောင်မကျဖူးသူအပျိုဖြစ်ရမည်ဖြစ်ပြီး အရပ်အမြင့် အနိမ့်ဆုံး (၅ ပေ ၄ လက်မ) ရှိရမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကိုယ်အလေးချိန်ပေါင် (၁၂၀) နှင့် (၁၆၀) ကြားဖြစ်ရမည်ဖြစ်ပြီး အသက် (၁၈) နှစ်မှ (၂၈) နှစ်အတွင်းနှင့် (၅) ပညာအရည်အချင်း အထက်တန်း အောင်မြင်၍ ကူးစက်ရောဂါမရှိသူ ပြစ်မှုမှတ်တမ်းကင်းစင်သူ ဖြစ်ရမည်ဖြစ်သည်။


news-view-count-icon

15