ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်ရရှိသည့် သံဃာတော် (၁၉) ပါး၊ သီလရှင် (၂)ပါးနှင့် လူပုဂ္ဂိုလ် (၂)ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမည်ဖြစ်ကြောင်းကို ဖေဖော်ဝါရီ (၂၆)ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။ ဆွမ်းဆန်တော်များ ကြိုတင်လောင်းလှူနိုင်ရေး စနစ်တကျလက်ခံဆောင်ရွက်ခြင်းနှင့် စနစ်တကျ လောင်းလှူနိုင်ရေးတိုကို စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ထုတ်ပြန်ထားသည်။



