ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်နှိမ်နင်းရေးတွေအရှိန်မြှင့်တင်ပြီးနောက် ရန်ကုန်၊ မဂ်လာဒုံမြို့နယ်အတွင်းက လုံးချင်းအိမ်တွေကို ပေါက်ဈေးထက် ပိုပေးပြီး လာရောက်ငှားရမ်းနေထိုက်တဲ့ တရုတ် နိုင်ငံသားအရေအတွက် များလာတယ်လို့ ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များဆီက သိရပါသည်။လုံးချင်းအိမ်ငှားရမ်းတဲ့ တရုတ်နိုင်ငံသား အများစုဟာ အသက် ၂၅ နှစ်မှ ၅၀ ခန့်အရွယ်တွေက များပြီး ၎င်းတို့ဟာ လေးငါးယောက်စုပြီး ငှါးရမ်းနေထိုင်ကြကြောင်း သိရပါသည်။



