Myanmar National League 2024/25 ရာသီပိတ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ပွဲစဉ် (၂၂)အား ယနေ့ ဖေဖော်ဝါရီ (၂၇) ရက်တွင် ကျင်းပနေပြီဖြစ်ရာ ၊အဆိုပါ ရာသီပိတ်ပွဲစဉ်များအပြီး သွင်းဂိုးအများဆုံးဆု (Top Scorer) ဆုကိုရွေးချယ်ချီးမြှင်သွားမည်ဖြစ်သည်။ယနေ့ ပွဲစဉ်(၂၂)မတိုင်မီ ပွဲစဉ်(၂၁)အပြီးရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ရန်ကျော်ထွေးက (၁၅) ဂိုးအထိ သွင်းယူထားပြီး၊ ဒဂုံပေါ့အသင်း တိုက်စစ်မှူး မိုဂူးနှင့် မဟာယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်တို့က သွင်းဂိုး (၁၃) ဂိုးစီ သွင်းယူထားနိုင်သည်ကို တွေ့ရသည်။ထို့ကြောင့် ပွဲစဉ်(၂၂)အပြီး Top Scorer ကို မည်သူ ဆွတ်ခူးရရှိမည်နည်းဆိုသည့်အပေါ် မြန်မာနေရှင်နယ်လိဂ် ကော်မတီ အပါအဝင် ကစားသမားများနှင့် ပရိတ်သတ်တို့အကြား စိတ်ဝင်တစားရှိနေကြသည်။



