ကမ္ဘောဒီးယားနိုင်ငံတွင် လိမ်လည်ဂိုဏ်းတစ်ခုမှ ကယ်တင်ခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး သားကောင် ၁၀၀ ခန့်ကို လှည့်ဖြားရန် ခိုင်းစေခံခဲ့ရပြီး ခိုင်းသည့်အတိုင်း မလုပ်ပါ နှိပ်စက်ခံရမည်ဖြစ်ကာ အစာမကျွေးဘဲ ထားမည်ဟု ခြိမ်းခြောက်စေခိုင်းခြင်း ခံရကြောင်း ထိုင်းအာဏာပိုင်များကို ပြောကြားခဲ့ကြောင်း သိရသည်။



