back

မကွေးတိုင်းဒေသကြီးယင်းချောင်းကြက်သွန်စိုက်ခင်းများ အထွက်နှုန်းကောင်းနိုင်

Feb 27 • 11:21 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီးယင်းချောင်းကြက်သွန်စိုက်ခင်းများ အထွက်နှုန်းကောင်းနိုင်

အခုနှစ်မှာ ရာသီဥတုအဆင်ပြေတာကြောင့် မကွေးတိုင်းဒေသကြီးယင်းချောင်းအတွင်းက ကြက်သွန်စိုက်ပျိုးခင်းတွေ အထွက်နှုန်း ကောင်းနိုင်တယ်လို ယင်းချောင်းတစ်လျှောက် ကြက်သွန်စိ...


အခုနှစ်မှာ ရာသီဥတုအဆင်ပြေတာကြောင့် မကွေးတိုင်းဒေသကြီးယင်းချောင်းအတွင်းက ကြက်သွန်စိုက်ပျိုးခင်းတွေ အထွက်နှုန်း ကောင်းနိုင်တယ်လို ယင်းချောင်းတစ်လျှောက် ကြက်သွန်စိုက်တောင်သူတွေဆီက သိရပါသည်။ဒီနှစ်မှာတော့ အာလူးမျိုး ဈေးမြင့်မားတာကြောင့် စိုက်ပျိုးသူမရှိဘဲ ကြက်သွန်ကိုသာ စိုက်ပျိုးကြတယ်လို့ သိရပါသည်။မကွေးဈေးကွက်မှာ ကြက်သွန်တစ်ပိဿာကို (၂၀၀၀)ကျပ်ဈေးရှိပြီး ကြက်သွန်တွေလှိုင်လှိုင်ပေါ်တဲ့ မတ်လလယ် လောက်မှာ (၁၅၀၀)ကျပ်ဈေးလောက်ရဖို့ မျှော်လင့်ကြပါတယ်။ ယင်းချောင်းမှာ ကြက်သွန်တွေကို ဇန်နဝါရီလမှာ စတင်စိုက်ပျိုးကြပြီး မတ်လလယ်လောက်မှာ စတင်ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါသည်။



news-view-count-icon

18