မြန်မာဘက်ကနေ တရုတ်ကို နယ်စပ်ကနေ ဖရဲသခွားတင်ပို့ရာမှာ သယ်ယူပို့ဆောင်စရိတ်၊ လုပ်သားခအပါအဝင် အထွေထွေ ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲအရောက် ဖရဲသီးတစ်ကီလိုအတွက် သယ်ယူစရိတ်၊ လုပ်သားခနဲ့ အခွန်အပါ အဝင် အထွေထွေကုန်ကျစရိတ်က ၂ ယွမ်ကျော်ရှိပြီး သခွားမွှေးတစ်ကီလိုကို တရုတ်ငွေ ၄ ယွမ်ကျော် ကုန်ကျနေတယိလို့ သိရပါသည်။မြန်မာနိုင်ငံက ဖရဲသီး တွေကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပြီးလက်ရှိမှာ မိုင်းလားနယ်စပ်ကနေ တင်ပို့နေပြီး နေ့စဉ် ဖရဲကား စီးရေ ၁၀ စီးကျော် ၁၅ စီးလောက်နဲ့ သခွားမွှေးကား စီးရေ ၂၀ ကျော် ၃၀ လောက် ဝင်ရောက်နေတယ်လို့ သိရပါသည်။ပြည်တွင်းက ဖရဲစိုက်ပျိုးရေးမှာလည်း တရုတ်လုပ်ငန်း ရှင်တွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး ဖရဲစိုက် တောင်သူတွေကို ပံ့ပိုးတာတွေ ရှိနေကြောင်း သိရပါသည်။



