ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ငန်း ၂ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်သည်။ အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ကျပ် ၇၉၆ သန်းကျော် တန်ဖိုးရှိသော ယင်းလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၉၂၀ ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။



