မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၅ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကို ထုတ်ရောင်းခဲ့သည်။ ထို့အပြင် တရုတ်ယွမ် ၃၄၅,၈၇၂ နှင့် ထိုင်းဘတ် ၁၅၁.၁၂၉ သန်းကိုလည်း အသီးသီး ထုတ်ရောင်းခဲ့သည်။ အဆိုပါနေ့တွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၄၅.၉၉၄ သန်း၊ တရုတ်ယွမ် ၃.၅၇၄ သန်းနှင့် ထိုင်းဘတ် ၁၉၈.၉၇၃ သန်းတို့ လွှဲပြောင်းရောင်းဝယ်မှုများ ရှိခဲ့သည်။



