မန္တလေး ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ကုလားပဲလုံးဖြူကြီးနှင့် ထောပတ်ပဲသေးတို့ ဈေးတည်ငြိမ်နေပြီး ပဲတီစိမ်း(အညာ)နှင့် ကုလားပဲလုံးဝါကြီးဈေးတို့ အနည်းငယ်ကျဆင်းခဲ့သည်။ ပဲစဉ်းငုံ(ဖြူ/နီ)နှင့် ပဲကြီးသေးတို့ ဈေးမြင့်တက်ခဲ့ကာ ပဲကြီးကြီးနှင့် စားတော်ပဲ(ကျွန်း)တို့ ဈေးကျဆင်းခဲ့သည်။ ကျန်ပဲမျိုးစုံများမှာ အရည်အသွေးအလိုက် ဈေးကွာခြားမှုရှိပြီး အရောင်းအဝယ်ပုံမှန်ရှိကာ တည်ငြိမ်နေသည်။



