မြန်မာနိုင်ငံပြည်တွင်းတွင် နှစ်ရက်တာအတွင်းတွင် အမှုတွဲပေါင်း ၁၇ မှုဖြင့် အပ်ချုပ်စက်များအပါအဝင် ကျပ်သိန်း ၁၄၀၀၀ ကျော်ဖိုးကို တရားမဝင် ပစ္စည်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သိရပါတယ်။အဆိုပါ ပစ္စည်းများကို ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၂ ရက် စသည့် နှစ်ရက်အတွင်း ဖမ်းဆီးရမိခြင်းဖြစ် သည်ဟု ဆိုထားပြီး အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်းအတွင်း ကုန်သေတ္တာလေးလုံးအတွင်း မှလည်းကောင်း၊ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ငယ်စစ်ဆေးရေးဂိတ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၊ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်တို့မှ ဖမ်းဆီးရမိခြင်းလည်းဖြစ်ပါတယ်။မူဆယ်မြို့ မြို့ရှောင်လမ်းကားလေးကွင်းအနီး လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက်ခွန် မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၈၂၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိသော စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ ခန့် မှန်းတန်ဖိုးငွေကျပ် ၁,၄၁၆,၅၇၈,၆၅၆ ကို ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံပြည်တွင်းတွင်အပ်ချုပ်စက်များအပါအဝင် နှစ်ရက်အတွင်း သိန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်ပစ္စည်းများဖမ်းဆီးရမိ
Feb 27 • 7:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


