back

ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်းဒေသမှာရှိသည့်မွေးမိခင်နှင့် (၅)နှစ်အောက်ကလေးများအားစားစရိတ်နှင့် ဆေးကုသစရိတ် ထောက်ပံ့မည်ဟု (THO) မှဆို

Feb 27 • 7:47 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်းဒေသမှာရှိသည့်မွေးမိခင်နှင့် (၅)နှစ်အောက်ကလေးများအားစားစရိတ်နှင့် ဆေးကုသစရိတ် ထောက်ပံ့မည်ဟု (THO) မှဆို

ဖေဖော်ဝါရီ(၂၆)ရက်တွင်ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်းဒေသမှာရှိသည့်ကျေးရွာများတွင် ရှိသော မွေးမိခင်နှင့် (၅)နှစ်အောက် ကလေးများ၏ စားစရိတ်နှင့် ဆေးကုသမှု စရိတ်ကိ...

ဖေဖော်ဝါရီ(၂၆)ရက်တွင်ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်းဒေသမှာရှိသည့်ကျေးရွာများတွင် ရှိသော မွေးမိခင်နှင့် (၅)နှစ်အောက် ကလေးများ၏ စားစရိတ်နှင့် ဆေးကုသမှု စရိတ်ကို ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း တအောင်းကျန်းမာရေး အဖွဲ့အစည်း (THO)က ဆိုပါတယ်။လက်ရှိ (၂၀၂၅)ခုနှစ်တွင် နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်တုံမြို့နယ်၊ လားရှိုးမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ တန့်ယန်းမြို့နယ်များရှိ မွေးမိခင်နှင့် (၅)နှစ်အောက် ကလေးများ ဆေးကုသမှုခံယူပါက တအောင်းကျန်းမာရေး အဖွဲ့အစည်း၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသူများကို စားစရိတ်နှင့် ဆေးကုသမှု စရိတ်ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။တအောင်းကျန်းမာရေး အဖွဲ့အစည်းသည် တအောင်းပြည်နယ်အတွင်း မြို့နယ်(၄)မြို့နယ်မှာ ဆေးခန်း(၇)ခုဖွင့်လှစ်ထားသည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် အခြားသော ကျန်းမာရေး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

news-view-count-icon

20