ဖေဖော်ဝါရီ ၂၄ ရက်ကမလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နဲ့ ဆလန်ဂေါပြည်နယ်ရှိစက်ရုံ ၁၂ ရုံကို အာဏာပိုင်တွေကဝင်ရောက်စီးနင်းခဲ့တာမှာ မြန်မာနဲ့ နိုင်ငံခြားသား ၄၂၈ ဦး ကို ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ အလုပ်သမားတွေ အားလုံးက ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊တရုတ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ဆူဒန်နိုင်ငံသားအသက် ၂၀ နဲ့ ၅၀ ကြားတွေဖြစ်ပြီး စက်ရုံတွေက နိုင်ငံခြားသား ၇၄၅ ဦးကို စစ်ဆေးခဲ့တာမှာ အထောက်အထား အပြည့်အစုံရှိတဲ့ ၃၁၇ ဦးကို ပြန်လွတ်ပေးခဲ့ပြီး ၊ အထောက်အထားမဲ့ နိုင်ငံခြားသား ၄၂၈ ဦးကတော့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။နိုင်ငံခြားသား အလုပ်သမားအားလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/ ၆၃ ပုဒ်မ ၃၉ (ခ) ၊ ၁၅(၁) (ဂ) အရ (၃၉)ခ(ခ) နဲ့ပုဒ်မ(၁၅)ဂ သိမ်းထိန်းရေးစခန်း ပီကန်နီနစ် ၊ ဂျိုဟိုးနဲ့မာချက်အန်ပူး မာလာကာ စခန်းတွေမှာ ထိန်းသိမ်းထားရှိပါတယ်။



