back

မန္တလေးတိုင်းဒေသကြီး၊ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့်ယာဉ်နှစ်စီးနှင့် မန္တလေးမြို့မှမူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ပေါ်မှ လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့

Feb 27 • 7:20 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့်ယာဉ်နှစ်စီးနှင့် မန္တလေးမြို့မှမူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ပေါ်မှ လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့

ဖေဖော်ဝါရီ၂၅ရက်တွင်မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတ...

ဖေဖော်ဝါရီ၂၅ရက်တွင်မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့်ယာဉ်နှစ်စီးနှင့် မန္တလေးမြို့မှမူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၅၅၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး၊ Mitsubishi Canter Truck တစ်စီး၊ Foton Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၆,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၈,၅၅၃,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

20