ဖေဖော်ဝါရီ၂၅ရက်တွင်ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အင်းစိန်မြို့နယ် ဗဟိုလမ်း ၅၀ ကွေ့ မီးပွိုင့်အနီး၌ လိုင်စင်မဲ့ Toyota Alphard ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ရဲစုတောင်ရပ်ကွက် မြို့ရှောင်လမ်း အမှတ် (အေ-၁၉) ခြံဝင်းအတွင်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၉၂ ပီပါ၊ ဓာတ်ဆီပီပါ ၁၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၇,၅၉၂,၀၀၀) ကို ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၄၇,၀၉၂,၀၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ် ဗဟိုလမ်း ၅၀ ကွေ့ မီးပွိုင့်အနီး၌ လိုင်စင်မဲ့ Toyota Alphard ယာဉ်တစ်စီးဖမ်းမိခဲ့
Feb 27 • 7:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |

မန္တလေးတိုင်းဒေသကြီး၊ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့်ယာဉ်နှစ်စီးနှင့် မန္တလေးမြို့မှမူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ပေါ်မှ လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့
အာဖဂန်နစ္စတန်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုကြောင့် လူ ၂၉ ဦး သေဆုံး

