ဖေဖော်ဝါရီ ၂၅ ရက်တွင်ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၅၁၉,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး၊ Higer Bus တစ်စီး၊ Mitsubishi Fuso Truck နှစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၆,၅၁၉,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့
Feb 27 • 7:05 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 27 | 0 | 0 | 0 |

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်းမြို့နယ်နှင့် တမူးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီးဖမ်းမိခဲ့
မန္တလေးတိုင်းဒေသကြီး၊ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မုံရွာမြို့သို့သွားရောက်မည့်ယာဉ်နှစ်စီးနှင့် မန္တလေးမြို့မှမူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ပေါ်မှ လူသုံးကုန်ပစ္စည်းခြောက်မျိုးဖမ်းမိခဲ့

