ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စိန်နန်းတော်ရွှေဆိုင် အပါအဝင် ရွှေဆိုင် ၃၄ ဆိုင်ကို ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ယူခွင့် ပြုလိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန် ပါသည်။လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိတဲ့ ရွှေဆိုင်တွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်း ရုံးအဖွဲ့မှာ လူကိုယ်တိုင်သွားရောက် ထုတ်ယူရမှာဖြစ်ပြီး ထုတ်ယူတဲ့အခါ မှာ လိုင်စင်ဓာတ်ပုံ ၂ ပုံ နဲ့ မှတ်ပုံတင် မူရင်းယူဆောင်သွားရမှာ ဖြစ်တယ်လို့ သိရပါသည်။ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လ ၁၇ ရက်အထိ ၃ လအတွင်း နောက်ဆုံးထားလျှောက်ထားခွင့်ပြုခဲ့တာပါ။ သတ်မှတ်ကာလ ၃ လအတွင်း ရန်ကုန်တိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဆီကနေ လုပ်ငန်းလိုင်စင်အတွက် လျှောက်လွှာစောင်ရေ တစ်ထောင်ကျော် ထုတ်ယူမှု ရှိခဲ့တယ်လို့ သိရပါတယ်။



