back

မြန်မာရဲ့ ပဋိပက္ခတွေကြောင့် အာရှလမ်းမစီမံကိန်း ရပ်ဆိုင်းနေတယ်လို့ အိန္ဒိယ ပြော

Feb 26 • 3:41 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာရဲ့ ပဋိပက္ခတွေကြောင့် အာရှလမ်းမစီမံကိန်း ရပ်ဆိုင်းနေတယ်လို့ အိန္ဒိယ ပြော

မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် အိန္ဒိယ-ထိုင်း-မြန်မာ အဝေးပြေးလမ်းမ (IMTT) စီမံကိန်း ရပ်ဆိုင်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဘရတ် ဂ...


မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် အိန္ဒိယ-ထိုင်း-မြန်မာ အဝေးပြေးလမ်းမ (IMTT) စီမံကိန်း ရပ်ဆိုင်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဘရတ် ဂျိုင်ရှန်ကာ က ပြောကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနဖြစ်တဲ့ NDTV က ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖော်ပြထားပါသည်။၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၇၀ ရာခိုင်နှုန်း ပြီးမြောက်ထားပြီး အာရှအဝေးပြေးလမ်းမစီမံကိန်း ကို ဆက်လက်ဖော်ဆောင်ရေးအတွက် လက်တွေ့ကြတဲ့ အဖြေကို ရှာဖွေဖို့လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးထံမှသိရပါသည်။ကီလိုမီတာ ၁၄၀၀ ရှည်လျားတဲ့ IMTT အဝေးပြေးလမ်းမဟာ အိန္ဒိယနိုင်ငံ မိုးရေးမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မြန်မာနိုင်ငံကတစ်ဆင့် ဆက်သွယ်ပေးမယ့် လမ်းဖြစ်ပါသည်။





news-view-count-icon

18