ယနေ့ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရုံးသို့ သွားသည့် လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီး(၂)ဦးထံမှ ဆိုင်ကယ် နှင့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦးက လုယက်ရန် လုပ်ဆောင်ရာ ပိုက်ဆံအိတ် ပါသွားကြောင်း သိရသည်။ အမည်မသိ လူငယ်(၂)ဦးက ဆိုင်ကယ်ကိုပါ လုယူရန် ကြိုးစားသော်လည်း အထမမြောက်၍ လွယ်ထားသည့် ပိုက်ဆံအိတ်ကိုသာ လုယူပြီး ထွက်ပြေးသွားကြောင်းနှင့် လုယက်ခံရမှုကြောင့် လွယ်ထားသည့် အိတ်ထဲမှ မှတ်ပုံတင်၊ စမတ်ကတ် နှင့် ငွေ အပါအဝင် ဖုန်း တို့ ပါသွားကြောင်း သိရသည်။



