ချမ်းသာသည့် ပြည်ပနိုင်ငံသားများကို ဒေါ်လာ ၅ သန်းဖြင့် (Gold Card) ရောင်းချသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။ ရွှေရောင်ကဒ်ကိုင်ဆောင်သွားသူများကို နိုင်ငံအတွင်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ပေးသွားမည့်အပြင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည် ဖြစ်သည်။ အဆိုပါ ရွှေရောင်ကဒ်များကို လာမည့် သီတင်းနှစ်ပတ်အတွင်း စတင်ရောင်းချသွားမည် ဖြစ်ပါသည်။



