back

စိတ်ရှည်ရှည်ထားရန် ဂူလာကို အန်ဆလော့တီ ပြောကြား

Feb 26 • 2:33 PM

breaking-news

မြန်မာ

ပြည်ပ

cover

စိတ်ရှည်ရှည်ထားရန် ဂူလာကို အန်ဆလော့တီ ပြောကြား

လူငယ်ကစားသမားတွေအနေနဲ့ ရီးရဲလ်အသင်းမှာ ကစားခွင့်ရဖို့ကို စိတ်ရှည်ရှည်ထားရမယ်လို့ လူငယ် ကွင်းလယ်လူ အာဒါ ဂူလာကို နည်းပြအန်ဆလော့တီက ပြောကြားလိုက်ပါတယ်။ ဥရောပရဲ့ လူ...

လူငယ်ကစားသမားတွေအနေနဲ့ ရီးရဲလ်အသင်းမှာ ကစားခွင့်ရဖို့ကို စိတ်ရှည်ရှည်ထားရမယ်လို့ လူငယ် ကွင်းလယ်လူ အာဒါ ဂူလာကို နည်းပြအန်ဆလော့တီက ပြောကြားလိုက်ပါတယ်။ ဥရောပရဲ့ လူငယ်ကြယ်ပွင့် တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂူလာဟာ ရီးရဲလ်အသင်းရဲ့နောက်ဆုံး ၅ ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့တာ ဖြစ်ပါ တယ်။ ဂူလာဟာ အခုရာသီပြိုင်ပွဲစုံမှာ ရီးရဲလ်အတွက် ၂၈ ပွဲ ကစားပေးထားသလို ကစားခွင့်ရချိန်အနေနဲ့ မိနစ်ပေါင်း ၉၆၇ မိနစ် ကစားခွင့် ရထားပါတယ်။ ဂူလာရဲ့ ပွဲကစားခွင့် နည်းတဲ့အပေါ် အကြောင်းအရာတစ်ခုလို ပြောဆိုနေကြတာကို ကြားနေရပြီး ဂူလာအနေနဲ့ မေးစရာရှိတယ်ဆိုရင် ကျွန်တော့်အခန်းတံခါးကို အမြဲဖွင့်ထားပါတယ်လို့ အန်ဆလော့တီက ပြောသွားခဲ့ပါတယ်။


news-view-count-icon

15