back

မြန်မာနိုင်ငံတွင် သစ်၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ လေလံတင် ရောင်းမည်

Feb 26 • 1:05 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် သစ်၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ လေလံတင် ရောင်းမည်

အသေးစား၊အငယ်စားနဲ့အလတ်စားလုပ်ငန်း(MSME)ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်၊ သစ်စက်နဲ့ ဆက်စပ် ပစ္စည်းတွေကို မတ်လ ၆ ရက်မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမယ်လို့ ရန်ကုန...

အသေးစား၊အငယ်စားနဲ့အလတ်စားလုပ်ငန်း(MSME)ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်၊ သစ်စက်နဲ့ ဆက်စပ် ပစ္စည်းတွေကို မတ်လ ၆ ရက်မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် ဈေးပြိုင် လေလံတင် ရောင်းချရေးကော်မတီက ထုတ်ပြန်ပါတယ်။ လေလံ အတွက် အခြားသစ်လုံး ၆ လုံး ၊ လုံးပတ် ၃ ပေအောက် အခြားသစ် ၃ လုံးကို ရောင်းချပေးမှာဖြစ်ပြီး ပုံမှန်လေလံ အတွက် မီးသွေး ပေါင် ၃၀ ဝင် ၁၀၁၂ အိတ်၊ ထင်း ၃၂၆ တန်ကျော် ၊ ပျဉ်းကတိုးထင်း ၁၅ တန်ကျော်၊ သစ်စက်နဲ့ ဆက်စပ်ပစ္စည်း အမျိုး ၂၀၀ ကျော် ရောင်းချပေးမည်ဖြစ်ပြီး သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်လိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။ ဈေးပြိုင်လေလံဝယ်ယူခွင့် လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ လျှောက်လွှာတစ်စောင်ကို ကျပ် ၃၀၀၀ နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှာ ဝယ်ယူလျှောက်ထားရမှာ ဖြစ်ပါသည်။


news-view-count-icon

32