ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ အချိန်အခါမဟုတ် မိုး ရက်ဆက်ရွာသွန်းခဲ့တာကြောင့် မြန်အောင်၊ ကြံခင်း၊ သာပေါင်း၊ ရေကြည် စတဲ့ မြို့နယ်တချို့က တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ စတဲ့သီးနှံတွေ ရေနစ်မြုပ်နေတာလို့ သိရပါသည်။အဲဒီ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံတွေ ဧကထောင်ချီ ရေနစ်မြုပ်ကာ အပွင့်တွေကြွေ၊ အရွက်တွေဝါ အရောင်ပြောင်းပြီး ပုပ်လာတာတွေ အဓိကဖြစ်ပေါ်နေတယ်လို့လည်း သိရပါသည်။



