၂၀၂၅ မတ်လ ၁၇ ရက်နေ့မှာ စတင်ဖြေဆိုရမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်တွင်ချင်းပြည်နယ် အတွက် တက္ကသိုလ်ဝင် စားမေးပွဲ ဖြေဆိုနိုင်မယ့် စာစစ်ဌာနတွေကတော့ ဟားခါး အထက (၁)၊ တီးတိန် အထက (၁) နှင့် အထက ခိုင်ကမ်း တို့ ဖြစ်ပြီး ဟာခါး မြို့နယ်မှာ တစ်ခု၊ တီးတိန် မြို့နယ် မှာ နှစ်ခု ရှိမှာ ဖြစ်ကြောင်း သိရပါသည်။ပညာရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ကြေငြာချက် ထဲမှာတော့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲ နဲ့ တွဲဖက် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ တွေအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ် ကြီးတွေထံကနေ ထုတ်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ပြင်ပဖြေဆိုသူတွေကတော့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာနရဲ့ ကြီးကြပ် ရေးမှူး တွေထံ ကနေ ထုတ်ယူကြရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါသည်။



