အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက အယ်လ်ဝီဒါအသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပွဲကစားဖို့နှောင့်နှေးခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။ ရော်နယ်ဒိုက “ဒီပွဲက ခက်ခဲတဲ့ပွဲပါ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းတွေပိတ်ခဲ့တဲ့အတွက် ဘတ်စ်ကားနဲ့ ၃ နာရီကြာ ခရီးသွားခဲ့ရလို့ ပထမပိုင်းက ခက်ခဲခဲ့ပါတယ်။ ပွဲစတင်တာ နောက်ကျခဲ့တဲ့အတွက် အယ်လ်နာဆာ အသင်း ကိုယ်စား ကျနော် တောင်းပန်ချင်ပါတယ်။ ဒါက ထပ်ပြီး မဖြစ်သင့်ပါဘူး။ တောင်းပန်ပါတယ်။ ကျနော် တို့ဟာ ပွဲအစပိုင်း မကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အနည်းငယ် ပိုကောင်းခဲ့ပါတယ်။ နိုင်ပွဲအတွက် ကျနော်တို့ ပျော်ရွှင်တယ်”လို့ SSC Sports ကိုပြောခဲ့တာပါ။



