back

Myanmar National League ရာသီပိတ်ပွဲစဉ် မတ်လ (၁) ရက် နောက်ဆုံးကျင်းပမည်

Feb 26 • 12:02 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

Myanmar National League ရာသီပိတ်ပွဲစဉ် မတ်လ (၁) ရက် နောက်ဆုံးကျင်းပမည်

Myanmar National League 2024-25 Week- 220 ရာသီပိတ်ပွဲစဉ်ကို မတ်လ (၁) ရက်၌ နောက်ဆုံးကျင်းပသွားမည်ဖြစ်ကြောင်း ကော်မတီက ယနေ့ အသိပေးကြေညာသည်။ ပြိုင်ပွဲ၏ Week- 22 ပွ...

Myanmar National League 2024-25 Week- 220 ရာသီပိတ်ပွဲစဉ်ကို မတ်လ (၁) ရက်၌ နောက်ဆုံးကျင်းပသွားမည်ဖြစ်ကြောင်း ကော်မတီက ယနေ့ အသိပေးကြေညာသည်။ ပြိုင်ပွဲ၏ Week- 22 ပွဲစဉ်များကို ယခုလ ဖေဖော်ဝါရီ (၂၇) ရက်မှ မတ်လ (၁)ရက်အထိ ကျင်းပမည်ဖြစ်ကာ၊ ပွဲစဉ်ဇယားအရ မြဝတီနှင့် ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်နှင့် ISPE၊ သစ္စာအားမာန်နှင့် မဟာယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နှင့် ဒဂုံပေါ့၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ နောက်ဆုံး ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ထို့နောက် ‌မတ်လ (၁) ရက် တောင်ကြီးကွင်း၌ ကျင်းပမည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ပြီးဆုံးပြီ ဖြစ်သည်။


news-view-count-icon

13