back

အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့ ဟန်ဆီဖလစ်ပြော

Feb 26 • 12:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့ ဟန်ဆီဖလစ်ပြော

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသလက်တီကိုအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့...

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသလက်တီကိုအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဟန်ဆီဖလစ်က “ဘယ်လိုအခွင့်အရေးကိုမှ မပေးဖို့ ကစားသမားတွေကို သတိပေးခဲ့ပေမယ့် ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဦးဆောင်နိုင်ချိန်မှာတောင် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ်အနည်းငယ်အတွင်းမှာ သူတို့ကို ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အားလုံးက အချည်းအနှီး ဖြစ်ခဲ့ပါတယ်။ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ အများကြီး ပြောရမှာဖြစ်ပြီး အမှားတွေကို လည်း ပြင်ရမှာပါ။ အမှားတွေအတွက် ဆင်ခြေမရှိဘူး”လို့ စပိန်ရုပ်သံ TVE ကိုပြောခဲ့တာပါ။


news-view-count-icon

14