ရန်ကုန်မြို့ရဲ့ ခြံဖမ်းအသားတိုးကြက်သားဈေးကွက်အတွင်း ဈေးအနည်းငယ် မြင့်တက်လာပါတယ်။ ပြီးခဲ့အပတ်က တစ်ပိဿာကို ၉၀၀၀ ကျပ် လောက်သာရှိပြီး အခုအပတ်မှာတော့ ကျပ်တစ်သောင်းဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီဈေးနှုန်းဟာ ဝယ်ယူသူတွေအတွက် ဈေးမြင့်နေပေမယ့် မွေးမြူရေးအစာတွေ ဈေးတက်နေတာကြောင့် မွေးမြူသူတွေအတွက်တော့ အရင်းလောက်သာရှိပြီး အမြတ်မရနိုင်သေးတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ ဒါ့အပြင် ဝက်သားနဲ့ အမဲသားဈေးနှုန်းတွေဟာလည်း ထောင်ဂဏန်းလောက် ဈေးတက်နေပြီး ဟင်းသီးဟင်းရွက် ဈေးနှုန်းကတော့ ဈေးကျနေတယ်လို့ အိမ်ရှင်မတွေဆီကနေ သိရပါတယ်။



