ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်၊၊ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီအချိန်လောက်က ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာလို့ ဆိုပါတယ်၊၊ အဲဒီလေပြင်းကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်(၂)လုံးအမိုးလန်ကာ အိမ်(၁)လုံး နောက်အဖီ အမိုးလန်တာတွေ ဖြစ်ပွားခဲ့ပါတယ်၊၊



