အာရှမှာ အကြီးမားဆုံးဖြစ်လာမဲ့အပြင် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အကြီးမားဆုံး ဒရုန်းပြပွဲကြီးကို ဖေဖော်ဝါရီလ ၂၅ ရက်က စတင်ကျင်းပခဲ့တာပါ။ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့အာကာသစခန်းတွေကနေ နောင်အနာဂတ် ရွေ့လျားသွားလာမှု တွေအထိ အမျိုးမျိုးသော စက်မှုလုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်မဲ့ ဒရုန်းနည်းပညာတွေကို ပြသသွားမှာဖြစ်ပါ တယ်။ ဒရုန်းနည်းပညာပြပွဲကြီးမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံက ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရဲ့ ဒရုန်းနည်းပညာတွေ ပြသသွား မှာဖြစ်ပြီး ဒီပြပွဲဟာ ၁၀ နှစ်တာ သမိုင်းတစ်လျှောက် အကြီးမားဆုံး နည်းပညာပြပွဲတစ်ခုဖြစ်လာမယ်လို့လည်း တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောကြားထားပါသည်။



