ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 98 ပြိုင်ပွဲတွင် တွဲဆိုင်း(၁၂)တွဲပါဝင်မည်ဖြစ်ပြီး မြန်မာဖိုက်တာ ဆွန်ရတ်၏ တွဲဆိုင်းလည်း ပါဝင်မည်ဖြစ်သည်ဟု သိရသည်။ဆွန်ရတ်သည် ONE နှင့် လက်တွဲပြီးနောက် (၁၀)ပွဲမြောက် ထိုးသ-တ်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ကိုးပွဲတွင် ငါးပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားသည်။ဆွန်ရတ်သည် ၂၀၂၄ ခုနှစ်အတွင်း ထိုးသ-တ်သည့် လေးပွဲစလုံး အနိုင်ရထားပြီး ဆွန်ရတ်နှင့် ထိုးသ-တ်မည့် အူရာဂီမှာမူ ONE နှင့် လေးပွဲထိုးသ-တ်ထားရာ တစ်ပွဲနိုင်၍ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။



