back

ကချင်ပြည်နယ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်

Feb 26 • 10:57 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်

ကချင်ပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေးအတွက် မြစ်ကြီးနာ...

ကချင်ပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့ ပေါ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ ထူးနှင့် ASIA ENERGY စက်သုံးဆီဆိုင်အား လည်းကောင်း၊ ရမ်ပူရပ်ကွက်အတွင်းရှိ NINE STAR စက်သုံးဆီဆိုင်အား လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ TOP စက်သုံးဆီဆိုင်၊ မနောရွှေမြေနှင့် ရွှေနန်းစက်သုံးဆီ ဆိုင်များအား လည်းကောင်း၊ ခေမာသီရိရပ်ကွက်အတွင်းရှိ တိုင်းကျော် စက်သုံးဆီဆိုင် အားလည်းကောင်း လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှုရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။



news-view-count-icon

30