မတ်လ(၂)ရက်မှာ ကျရောက်မယ့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါဒူးကျေးရွာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ဆီထွက်သီးနှံ စိုက်ခင်းတွေ၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးမြူးရေးနဲ့ ငါးသားပေါက်ထုတ်လုပ်တဲ့ နည်းပညာတွေ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဒေသထွက် ကြက်၊ ဆိတ်၊ ပျားတွေကို စနစ်တကျ မွေးမြူနေမှုနဲ့ မျိုးကောင်းမျိုးသန့် မွေးမြူမှု အခြေအနေတွေကို ပြသားထားမှာ ဖြစ်ပါသည်။



