မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ရိုးရာသနပ်ခါးအလှ လိမ်းခြယ်ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရွှေမောဓောဘုရားလမ်း၊ ကားပါကင်နေရာ၌ ညနေ(၄)နာရီမှ ည(၁၀) နာရီအထိမတ်လ (၈) ရက်မှ (၁၄) ရက်ခုနစ်ရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။အဆိုပါပြိုင်ပွဲအား ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ပြိုင်ပွဲတွင် နိုင်ငံကျော် အနုပညာရှင်များမှ တေးဂီတဖြင့် ဖျော်ဖြေခြင်း အစီအစဉ်များသာမက နာမည်ကြီး DJ ဖြင့်လည်း ပါဝင်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များနှင့်အတူ နာမည်ကြီးအနုပညာရှင်များက ပါဝင်အကဲဖြတ်ပေးမည် ဖြစ်ပြီး နိုင်ငံကျော် Cele များ၊ နိုင်ငံကျော်လူရွင်တော်များ ယဉ်ကျေးမှုမြတ်နိုးသူများလည်း တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။



