The White Louts အမည်ရှိတဲ့ အမေရိကန် ဇာတ်လမ်းတွဲရဲ့ Season 3 မှာ Blackpink အဖွဲ့ဝင် (Lisa) ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ကော့စမွေကျွန်းဟာ ခရီးသွားတွေကြားမှာ ရေပန်းစားလာတယ်လို့ ထိုင်းအစိုးရကပြောကြားထားပါတယ်။ဇာတ်လမ်းတွဲကြောင့် ထိုင်းနိုင်ငံရှိ ကော့စမွေကျွန်းအကြောင်းကို အမေရိကန် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုဟာ မြင့်တက်ခဲ့ပြီး ကော့စမွေကျွန်း အကြောင်း ရှာဖွေမှုဟာလည်း ပြီးခဲ့တဲ့ လတွေကထက် ၆၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သိရပါတယ်။ဇာတ်လမ်းတွဲတွင်Lisa ဟာ ကော့စမွေကျွန်းမှာရှိတဲ့ ဟိုတယ်ဝန်ထမ်းတစ်ဦးအဖြစ်သရုပ်ဆောင်ထားပြီး ထူးခြားတဲ့ သူမသရုပ်ဆောင်ဟန်ပန်အမူအရာတွေဟာ ထိုင်းနိုင်ငံရဲ့ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာတစ်ဝှမ်းကသိအောင် ဖွင့်ဟပြသပေးနိုင်ခဲ့တယ်လို့ ထိုင်းအစိုးရက ချီးကျူးပြောဆိုထားပါတယ်။



