back

ရန်ကုန်မြို့တွင်းကုမ္ပဏီလုပ်ငန်းများမှ ဝန်ထမ်းများအတွက် ယာဉ်စီးခကတ်လာရောင်းပေးမည့် ဝန်ဆောင်မှုစီစဉ်နေ

Feb 26 • 10:09 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်းကုမ္ပဏီလုပ်ငန်းများမှ ဝန်ထမ်းများအတွက် ယာဉ်စီးခကတ်လာရောင်းပေးမည့် ဝန်ဆောင်မှုစီစဉ်နေ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များတွင် ယာဉ်စီးခကတ်စနစ်ဖြင့် သုံးစွဲနိုင်ရန် ကုမ္ပဏီ လုပ်ငန်းများမှ ဝန်ထမ်းများအတွက် YPS ကတ်များကို လာရောက်ရောင်းချပေးမည...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များတွင် ယာဉ်စီးခကတ်စနစ်ဖြင့် သုံးစွဲနိုင်ရန် ကုမ္ပဏီ လုပ်ငန်းများမှ ဝန်ထမ်းများအတွက် YPS ကတ်များကို လာရောက်ရောင်းချပေးမည့်ဝန်ဆောင်မှုကို စီစဉ်နေ ကြောင်း Yangon Payment Services မှ သိရသည်။အဆိုပါ ဝန်ဆောင်မှုအစီအစဉ်မှာ ကုမ္ပဏီလုပ်ငန်းများမှ ဝန်ထမ်းများ၏ ရုံးတက်၊ ရုံးဆင်းများတွင် YBS ယာဉ်များ စီးနင်းသည့်အခါ ယာဉ်စီးခကတ်စနစ်ကို ကုမ္ပဏီလုပ်ငန်းများမှ မိမိတို့ဝန်ထမ်းများအတွက် စီစဉ်ပေး နိုင်ရန် ယခုလိုဝန်ဆောင်မှု ပေးခြင်းလည်းဖြစ်သည်ဟုဆိုထားသည်။“ငွေဖြည့်ဖို့အတွက်လည်း စိတ်မပူပါနဲ့၊ YPS ကနေ ငွေဖြည့် ဝန်ဆောင်မှုကိုလည်း လူကြီးမင်းတို့ရဲ့ ရုံး အထိလာရောက် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်နော်”ဟုလည်း Yangon Payment Services မှ ပြောကြားထား သည်။

news-view-count-icon

12