မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် ပန်းဥယျာဉ်တစ်ခုကို သိပ္ပံလမ်းနှင့် ၇၈ လမ်း ဆင်ဖြူကန်ကွင်းအတွင်း၌ ဖွင့်လှစ်ထားရှိပြီး မြမာလာဥယျာဉ်ဟု အမည်ပေးထားကြောင်း သိရသည်။“လူထုအပန်းဖြေရာ ပန်းခြံဖြစ်အောင်လုပ်ဖို့ အစီအစဉ်ရှိတာနဲ့အညီ ဆင်ဖြူကန်ကွင်း သာယာလှပအောင် လုပ်သွားမယ်။ ပြည်ထောင်စုနေ့အကြို သစ်သီးဝလံ၊ ပန်းမန်ပြပွဲအတွက် ပြင်ဆင်ခဲ့ပြီးနောက် သာယာလှပတဲ့ ပန်းဥယျာဉ်အဖြစ် ဆက်လက်ထားရှိတာပါ။ မြမာလာဥယျာဉ်လို့ အမည်ပေးထားတယ်။ အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသလို ဥယျာဉ်ထဲမှာ စားဖိုဆောင်သီးနှံစိုက်ခင်းလည်း ပါဝင်တယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။



