back

ဒေါ်လာ (၅၀ဝ)ထက်မကျော်တဲ့ ပြည်တွင်းထုတ်သစ်အချောထည် ပရိဘောဂပစ္စည်းတွေနဲ့ ကြမ်းခင်းတွေကို စာရွက်စာတမ်းမလိုဘဲ ပြည်ပသို့ တင်ပို့ခွင့်ရဖို့ ညှိနှိုင်းနေ

Feb 26 • 9:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဒေါ်လာ (၅၀ဝ)ထက်မကျော်တဲ့ ပြည်တွင်းထုတ်သစ်အချောထည် ပရိဘောဂပစ္စည်းတွေနဲ့ ကြမ်းခင်းတွေကို စာရွက်စာတမ်းမလိုဘဲ ပြည်ပသို့ တင်ပို့ခွင့်ရဖို့ ညှိနှိုင်းနေ

တန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက်မကျော်သည့် ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို သက်ဆိုင်ရာ၏ စာရွက်စာတမ်းမလိုအပ်ဘဲ ပြည်...

တန်ဖိုးငွေ အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက်မကျော်သည့် ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို သက်ဆိုင်ရာ၏ စာရွက်စာတမ်းမလိုအပ်ဘဲ ပြည်ပသို့ တင်ပို့ခွင့်ရရှိရန် မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းနှင့် သစ်တောဦးစီးဌာနတို့အကြား ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။အဆိုပါ ပြည်ပတင်ပို့ရန် အမေရိကန်ဒေါ်လာ (၅၀ဝ)အောက်သာ တန်ဖိုးသတ်မှတ်ထားသော ပရိဘောဂပစ္စည်းများထဲတွင် စားပွဲ၊ ကုလားထိုင်စသည့် ပစ္စည်းများလည်း ပါဝင်သည်ဟုသိရသည်။ မြန်မာနိုင်ငံအနေဖြင့် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် အချောထည် သစ်ကြမ်းခင်းများကို နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နေကြောင်းသိရသည်။

news-view-count-icon

21