စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရာသီပေါ်ဗောက်သီးများကို ယခုအခါ မန္တလေးမြို့ရှိ သစ်သီး ပွဲရုံများဆီသို့ ပို့ဆောင်ရောင်းချနေရကြောင်း သစ်သီး၀လံကုန်သည်များကြားမှ သိရသည်။“မြို့မစျေးနဲ့ မြို့ပေါ်က သစ်သီးဆိုင်တွေမှာ ရောင်းချနေတာမျိုးလည်းရှိတယ်၊ ဒီရာသီမှာပေါ်တာပါ၊ မန္တလေးဘက်က ပွဲရုံတွေကတော့ ရသလောက်ပို့ပေးဖို့မှာတာ ပို့ပေးနေရတယ်”ဟုလည်း ကန့်ဘလူမြို့ ဒေသခံသီး နှံကုန်သည်တစ်ဦးက ဆိုသည်။ထိုဒေသတွင် စတော်ဘယ်ရီသီးများ၊ နှင်းသီး ခေါ် လောင်ကန် သီးများပေါ်ထွက်နေသလို ဒေသစျေးကွက် တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင် စျေးကောင်းနေပြီး မန္တလေးစျေးကွက်သို့ အများဆုံးတင်ပို့ရခြင်း များရှိနေကြောင်း သိရသည်။



