အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီလွန်မတ်စ်၏ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် ဖန်တီးထားသော ဗီဒီယိုကို အမေရိကန် အစိုးရရုံးချုပ်တခုတွင် ပြသသောကြောင့် စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်စေသည်။ထိုဗီဒီယိုကို အမေရိကန် အိုးအိမ်နှင့်မြို့ပြဌာန (HUD) က ရုပ်သံမျက်နှာပြင်များတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က “ခဏတာ” ပြသကြောင်းသိရသည်။"ဘုရင်အစစ် သက်တော်ရှည်ပါစေ" ဟူသောစာတန်းကို ထိုဗီဒီယိုတွင် ထိုးထားသည်။ထိုဗီဒီယိုသည် “အခွန်ထမ်းများ၏ ရင်းမြစ်များကို အလွဲသုံးစားလုပ်ခြင်း” ဖြစ်ကြောင်းနှင့် ဌာနသည် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အလုပ်မှ ထုတ်ပယ်ရန် စီစဉ်နေကြောင်း HUD ပြောခွင့်ရသူတဦးက ပြောသည်။



