back

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး

Feb 26 • 9:47 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး

ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ်- ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်- ၁၃၅၀၀၀ (အသစ်) ကျပ်ဖြစ်ပြီးပြင်ပလက်ကား ဈေးကွက်မှာလည်း ကြိုက...

ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ်- ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်- ၁၃၅၀၀၀ (အသစ်) ကျပ်ဖြစ်ပြီးပြင်ပလက်ကား ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် အမြင့်ဈေးတမျိုးအရောင်းအဝယ်ရှိနေသော်လည်း ယခု တပတ်တွင် ပြင်ပဈေးမှာ အရောင်းအဝယ်အေးနေကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်အတွင်းရှိ ကုန်သည်များထံက သိရသည်။စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆၉၀၅ ကျပ်၊ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်ကျော်တွင်ရှိနေပြီးဓာတ်ဆီ ၉၂ တလီတာ ၃၂၁၅ ကျပ် ၊ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၇၀ ကျပ်၊ဒီဇယ် တစ်လီတာ ၂၇၆၅ ကျပ်၊ပရီမီယံ ဒီဇယ် တစ်လီတာ ၃၄၂၅ ကျပ်ဖြစ်ပြီးရွှေနှင့်ဒေါ်လာဈေးမှာပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၆၀ ကျပ်ဝန်းကျင်တွင်ရှိနေပြီးအကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၇၀၀၀၀၀ သိန်းကျော်တွင်ရှိနေသည်။

news-view-count-icon

20