မွန်ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသင့်လျော်သည့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကာလတို၊ ကာလလတ်အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ဒေသတွင်း အဓိကလုပ်ငန်းများဖြစ်သော ရော်ဘာလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဖော်ထုတ်သွားမည်ဟု ၎င်းက ဆိုသည်။ ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုလည်း မိမိတို့ကော်မတီဝင်များအနေဖြင့် အားပေး ကူညီဆောင်ရွက်ပေးကြရန် ၎င်းက မှာကြားခဲ့သည်။



