မော်တော်ကားထုတ်လုပ်သူကြီးများသည် လျှပ်စစ်ကား (EV) များ ပင်မဈေးကွက်ဖြစ်လာရန် စောင့်ဆိုင်းနေရသည့်အချိန်၌ ICE နှင့် ဟိုက်ဘရစ်မော်ဒယ်အသစ်များ ထုတ်လုပ်မှုကို တိုးမြှင့်လာကြသည်။ General Motors, Porsche, BMW နှင့် Mercedes-Benz တို့က ICE မော်ဒယ်အသစ်များ ဖွံ့ဖြိုးထုတ်လုပ်ရန်နှင့် ဟိုက်ဘရစ်မော်ဒယ်များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။S&P Global Mobility ၏ မျှဝေချက်အရ ၂၀၂၅ တွင် ICE နှင့် ဟိုက်ဘရစ်ကားအသစ် ထွက်ရှိမှုသည် ၂၀၂၄ ထက် ၉% တိုးလာမည်ဖြစ်ပြီး, ဓာတ်ဆီအင်ဂျင်မော်ဒယ်အသစ် ၂၀၅ ခုနှင့် ဟိုက်ဘရစ်မော်ဒယ်အသစ် ၁၁၆ ခု ထွက်လာမည်ဖြစ်သည်။



